|
Post by Dr. Soe Paing (founder) on Sept 15, 2015 17:52:34 GMT
ဆေးအသစ်တွေ ပေါ်နေပီတဲ့ india ကထုတ်မယ်ဆိုလား ??
|
|
|
Post by Dr. Soe Paing (founder) on Sept 16, 2015 4:29:42 GMT
facebook မှ အစ်ကို မင်းအောင်ရှန် ပို့စ်ကို ကူးယူ ဖော်ပြပါတယ် . . .
အသည်းရောင် ရောဂါ စီပိုး အကြောင်း update.. * 2011 မတိုင်ခင်ထိ စီပိုးအား ထိုးဆေး (Peg-interferon) တစ်ပတ် တစ်ကြိမ် ဆေးထိုး၍ + သောက်ဆေး (ribavirin) နေ့စဉ် ၄ လုံးမှ ၆ လုံး ဆေးသောက်ကာ… - ပိုးအမျိုးအစား.. ကုသမှုကို တုန့်ပြန်မှု.. တို့ အပေါ် မူတည်၍.. ၂၄ ပတ်မှ ၇၂ ပတ်ခန့် အထိ (response guided-therapy) ဖြင့် ကုသ ရပါသည်.. ---------------------------------------- * ဆေးကုသမှု ပြီးဆုံးသွားသော်လည်း.. စီပိုး ပြန်လည် တွေ့ရှိနေသည့် သူများ တွေ့နေရပါသည်.. (အဓိကအားဖြင့် ပိုးအမျိုးအစား ၁ ပါ…) * ထိုသူများအား ပျောက်ကင်းအောင် ပြန်လည် ကုသပေးနိုင်ရန်.. နည်းလမ်းများ ရှာဖွေ စမ်းသပ်ရာမှ Direct Acting Antiviral drugs.. (DAAs).. ဆေးအသစ်များ တွေ့ရှိလာပါပြီ.. ******************************************** Direct Acting Antiviral drugs (DAAs).. * DAAs ဆေးမှာ.. အသည်းဆဲလ်များ အတွင်း စီပိုးများ ပွားများနေမှု အဆင့်ဆင့်တွင် မပွားနိုင်အောင် တားဆီးပေးသည့် ဆေးများပင် ဖြစ်ပါသည်.. (target to the different steps of the viral replication..) ---------------------------------------- * 2011 တွင်.. DAAs သောက်ဆေး အသစ် နှစ်မျိုး.. စတင် ထွက်ရှိ လာပါသည်.. - boceprevir (Victrelis).. - telaprevir (Incivek).. * လက်ရှိ ကုသနေသည့် ထိုးဆေး (Peg-interferon) + သောက်ဆေး (ribavirin) ဖြင့် ကုသနေစဉ်.. * ကုသရန် ခက်ခဲမည့် လူနာ.. (ဆေးစကုပြီး ၄ ပတ်တွင် ပိုးဆက်ရှိနေသူ) များအား.. * ထို ဆေးအသစ် တစ်မျိုး.. ပေါင်း၍ ကုသပါက.. 28 - 80 % ထိ ပို၍ ပျောက်ကင်းကြောင်း တွေ့ရှိ၍ FDA မှ approved လုပ်ပေး ခဲ့ပါသည်.. * ယခုအခါ.. ထိုဆေး အသစ်ထက် များစွာ ပို၍ ကောင်းမွန်သော ဆေးအသစ်များ ထပ်မံ ထွက်ရှိ လာပါပြီ.. ******************************************** * ဆေးပညာရှင်များသည် ပို၍.. ပို၍ ကောင်းမွန် သော ဆေးများကို.. ထိုးဆေး.. မလို (interferon free) ဖြစ်သည် အထိ ရရှိရန် တစိုက်မတ်မတ် လေ့လာ စမ်းသပ်ခဲ့ရာ.. * 2014 January တွင် sofosbuvir (sovaldi) (တစ်လုံး $ 1000 × 7days × 12 weeks = $ 84000 total one course) * 2014 May တွင် simeprevir (Olysio) (တစ်လုံး $ 785 × 7days × 12 weeks = $ 66000 total one course) * 2014 September တွင် daclatasvir (Daklinza).. စသည့် DAAs ဆေး အသစ်များကို FDA မှ approved လုပ်ပေးခဲ့ပါသည်.. ---------------------------------------- * ပိုးအမျိုးအစား ၁ နှင့် ၄ အတွက်.. - sofosbuvir + simeprivir ၁၂ ပတ်.. * ပိုးအမျိုးအစား အားလုံး အတွက်.. - sofosbuvir + daclatasvir ၁၂ ပတ်.. * သောက်ဆေး နှစ်မျိုး.. တစ်နေ့ နှစ်လုံး.. ၁၂ ပတ် သောက်ရုံသာ.. * ပျောက်ကင်းမှု % အရမ်းကောင်းပါသည်.. (nearly 100 % ပါ..) * သို့သော် ဆေးအသစ်များမှာ.. အရမ်း ဈေးကြီးနေသည့် အတွက်.. တော်ရုံလူနာများ အတွက် မတတ်နိုင်ကြပါ.. ---------------------------------------- * လက်ရှိ ကုသမှု (ထိုးဆေး + သောက်ဆေး) နှင့် DAAs ဆေးအသစ် တစ်မျိုး.. ပေါင်း၍လည်း ကုသ နိုင်ပါသည်.. * ပိုးအမျိုးအစား အားလုံးအတွက်.. - Peg-interferon + ribavirin + sofosbuvir.. ၁၂ ပတ်.. * ပိုးအမျိုးအစား ၁ နှင့် ၄ အတွက်.. - Peg-interferon + ribavirin + simeprivir.. ၁၂ ပတ်.. ---------------------------------------- * ပိုးအမျိုးအစား ၂ နှင့် ၃ အတွက်ကတော့.. ထိုးဆေးမလို သောက်ဆေးနှင့် ကုသနိုင်ပါပြီ.. - sofosvuvir + ribavirin.. ၁၂ ပတ်.. ပိုးအမျိုးအစား ၂ အတွက်.. - sofosvuvir + ribavirin.. ၂၄ ပတ်.. ပိုးအမျိုးအစား ၃ အတွက်.. * အရင် ကုထုံးထက် အများကြီး ပျောက်ကင်းမှု % ပိုများလာသလို.. ကုသမှု အချိန် ကာလလည်း အများကြီး လျော့နည်း လာပါသည်.. * စီပိုး ကုသမှု ယူခဲ့ပြီး ပြန်ဖြစ်သူများ.. အသည်းခြောက် နေသူများ.. ကိုလည်း ကုသ ပျောက်ကင်းနိုင်မှု ရှိကြောင်း.. တွေ့ရှိရပါသည်.. * စီပိုး ကုသမှု မခံယူ ရသေးသူ / ခံယူပြီးသူ.. * အသည်း မခြောက်သေးသူ / အသည်းခြောက် ပြီးသူ.. * စသည်တို့အပေါ် မူတည်၍.. ကုသ ပျောက်ကင်းမှု % ကွားခြားမှု (62 - 100 %) ရှိပါသည်.. ---------------------------------------- * 2014 ခုနှစ်.. နှစ်ကုန်ပိုင်းတွင်.. - DAAs ဆေးအသစ် ၂ မျိုး (sofosbuvir + ledipasvir) ပေါင်းထားသည့်.. - တစ်နေ့ ဆေးတစ်လုံး.. ၁၂ ပတ်သာ သောက်ရမည့်.. - Harvoni.. ဆေးကို.. FDA မှ approved လုပ်ပေး ခဲ့ပါသည်.. - ပိုးအမျိုးအစား.. ၁.. ၄.. ၅.. ၆.. ကိုသာ ကုသခွင့် ပြုပါသည်.. - 99 % ထိ ပျောက်ကင်းပါသည်.. * စီပိုး ကုသမှု ယူခဲ့ပြီး ပြန်ဖြစ်သူများ.. အသည်းခြောက် နေသူများ.. ကိုလည်း ကုသ ပျောက်ကင်းနိုင်မှု ရှိကြောင်း.. တွေ့ရှိရပါသည်.. * သို့သော်.. ထိုသူများကို.. - ribavirin သောက်ဆေး ထည့်ပေါင်းရန် လို / မလို.. - ကုသချိန်အား ထပ်တိုးရန် လို / မလို.. - response guided-therapy လိုအပ်ပါ၍ အသည်း ဆရာဝန်ကြီးများ၏ လမ်းညွှန်မှုဖြင့် ကုသ ရပါမည်.. * ဆေး၏ ဘေးထွက် ဆိုးကျိုး မရှိသလောက်ပါ.. * သို့သော်.. ဆေးမှာ ဈေးကြီး နေပါသည်.. - တစ်လုံးကို $ 1125 × 7 days × 12 weeks = $ 94500 (total one course) ဖြစ်ပါသည်.. ******************************************** * ထို DAAs သောက်ဆေး အသစ်များကို.. * ကုသ ပျောက်ကင်းမှု ခက်ခဲနိုင်သည့်သူများ.. * ကုသမှု ခံယူပြီး ပြန်ဖြစ်သူများ.. * Cirrhosis.. အသည်းခြောက်နေသူများ.. * HIV နှင့် HCV တွဲလျက် ဖြစ်နေသူများ.. * ထိုးဆေး (interferon) အား မခံနိုင်သူများ.. * ထိုးဆေး ထိုးကာ.. ကာလ ကြာရှည်စွာ မကုသ လိုသည့် သူများအတွက်.. အသုံးပြုနိုင်ပါသည်.. ******************************************** * ယခုအခါ.. ထို DAAs ဆေးအသစ်များကို ထုတ်လုပ်သည့် Gilead company မှ နိုင်ငံပေါင်း ၁၀၁ နိုင်ငံအတွက်.. (မြန်မာနိုင်ငံ အပါအဝင်) - sofosbuvir ဆေးကို $ 300.. (၁၂ ပတ်စာ $ 900).. - Harvoni ဆေးကို $ 400.. (၁၂ ပတ်စာ $ 1200).. ဖြင့် generic.. ပုံစံတူ ဆေးဝါး ထုတ်လုပ်ခွင့် ချပေးလိုက် ပါပြီ.. * များမကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့ ထိုဆေးများ ရောက်ရှိ လာပါတော့မည်.. Dr. Min Aung Shan.. Ref: AASLD 2014.. Singapore Hepatitis Conference.. EASL.. guideline (2015).. Hepatology update..
|
|